Credit to Popular Journal - မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒု-မဲရုံမှူးများကို ဒီဇင်ဘာ ၁၉ ရက်နှင့် ဒီဇင်ဘာ ၂၀ ရက်တို့က (မွမ်းမံ) သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဝန်ထမ်းများက မဲရုံမှူ၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်မှု၊ စမ်းသပ်မဲပေးမှု၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းမှု၊ မဲရလဒ်ရေတွက်မှု၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုမှု၊ မဲပေးစက်အားပြည်လည်ထုပ်ပိုးသိမ်းဆည်းမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည်များကို သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ (မွမ်းမံ) သင်တန်းကို မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းသား (၄၂၀) ဦးတက်ရောက်ခဲ့ကြပြီး မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဝန်ထမ်းများ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များနှင့် […] The post ပွင့်ဖြူမြို့နယ်၌ မဲရုံမှူး ၊ ဒု-မဲရုံမှူးများကို (မွမ်းမံ) သင်တန်းပို့ချခဲ့ appeared first on Popular .