ပေါက်မြို့နယ်နှင့် မြိုင် အစပ် လက်ပံတိုရေနံမှော်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းတိုက်ခိုက်မှု နေအိမ်များ မီးလောင်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ် လက်ပံတိုရေနံမှော်များကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးဖြင့် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေ ကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည်။ ” စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သွားတာပါ။ နေအိမ်တွေ မီးလောင် ပျက်စီးသွားတယ်။ ပေါက်၊ မြိုင် အစပ် လက်ပံတို ရေနံမှော်ဒေသကို ဗုံး ၂လုံး ကျဲသွားတာပါ။ ပြည်သူတွေ […] The post ပေါက်မြို့နယ်နှင့် မြိုင် အစပ် လက်ပံတိုရေနံမှော်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းတိုက်ခိုက်မှု နေအိမ်များ မီးလောင်ပျက်စီး appeared first on Khit Thit Media .