ပခုက္ကူနှင့် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၆ ခုကျော် ကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ နီးပါးပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၆ ခုကျော်ကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ နီးပါးပြာကျခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြိုင်မြို့နယ် တောင်ပိုင်း တွင်းမပျူစောထီးရွာကို ပြန်လည် ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အိုရင်းရွာ၊ အိုရင်းရွာသစ်ရွာနှင့် ဇောင်ဂျမ်းကုန်းရွာ တို့ကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထိုအကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် မြိုင်မြို့နယ်နှင့် […] The post ပခုက္ကူနှင့် မြိုင်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၆ ခုကျော် ကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ နီးပါးပြာကျ appeared first on Khit Thit Media .