Credit to Popular Journal - ကွာလာလမ်ပူရ်၊ ဒီဇင်ဘာ ၂၂ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ကွာလာလမ်ပူရ်တွင် တနင်္လာနေ့က ကျင်းပခဲ့သည်။ ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး အကျိုးစီးပွားအတွက် ပဋိပက္ခများ အရှိန်လျော့ချရေးနှင့် ရန်လိုမှုများ ရပ်စဲရေးတို့အတွက် ဖြစ်နိုင်ခြေရှိသော ခြေလှမ်းများကို ထည့်သွင်းစဉ်းစားရန် အဆိုပါ အစည်းအဝေးသည် စင်မြင့်တစ်ခုဖြစ်ခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပထဝီဝင်နိုင်ငံရေး အဟန့်အတားများသည် အာဆီယံ၏အခြေခံအုတ်မြစ်ကို စိန်ခေါ်နေသောကြောင့် အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က အာဆီယံသည် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း၌ အရေးပါသော လမ်းဆုံလမ်းခွတွင်ရှိနေကြောင်း သတိပေးပြောကြားခဲ့သည်။ “ခေတ်သစ်သမိုင်းမှာ အငြိမ်းချမ်းဆုံးနဲ့ အအောင်မြင်ဆုံး ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပေါင်းစည်းရေး ပရောဂျက်တွေထဲက တစ်ခုအဖြစ် အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုကို ဤကိစ္စကအန္တရာယ်ပြု ခြိမ်းခြောက်နေပါသည်။ […] The post ထိုင်း-ကမ္ဘောဒီးယားအရေးဆွေးနွေးရန်အာဆီယံဝန်ကြီးများအထူးအစည်းအဝေးကျင်းပ appeared first on Popular .