Credit to Popular Journal - ဒီဇင်ဘာ ၂၀ မြဝတီမြို့ရှိ လိမ်လည်မှုစင်တာ အစုအဖွဲ့တစ်ခုမှ မလေးရှားနိုင်ငံသား ၃၁ ဦးကို အဆင့်မြင့် သံတမန်စစ်ဆင်ရေး အပြီးတွင် အောင်မြင်စွာ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မလေးဘာသာစကားဖြင့် ထုတ်ဝေသော နေ့စဉ်ထုတ် စီနာဟာရီးယန်က ဖော်ပြသည်။ ထိုင်း-မလေးရှားနယ်စပ် အနီး ဘူကစ် ကာယူ ဟီတမ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ စနေနေ့ ညနေ ၆ နာရီ ၅၀ မှာ ရောက်ရှိလာကြောင်း၊ ရောက်ရှိလာချိန်တွင် ၎င်းတို့ကို တော်ဝင်မလေးရှားရဲတပ်ဖွဲ့ထံသို့ ချက်ခြင်းလွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် လူလိမ်ဂိုဏ်း၏လုပ်ဆောင်မှုများကို ဆက်လက်စုံစမ်းစစ်ဆေးခဲ့ပါသည်။ ဒီဇင်ဘာလ အစောပိုင်းအတွင်း ဘန်ကောက်ရှိ မလေးရှားသံရုံးမှ လိမ်လည်ခံရသူများ၏ အမည်စာရင်းကို အတည်ပြုခဲ့သော်လည်း ၎င်းတို့အား ပြန်ပို့မှုကို ဥပဒေဆိုင်ရာ အတားအဆီးများကြောင့် နှောင့်နှေးမှုများရှိခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၏သတင်း ထုတ်ပြန်ချက်အရ အဆိုပါ အဖွဲ့ကို ပြည်တွင်း […] The post မြန်မာလိမ်လည်မှုစင်တာမှ အကယ်ခံရသူ မလေး ၃၁ ဦး နေရပ်ပြန် appeared first on Popular .