Credit to Popular Journal - ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ် (၂၄) ရက်မှ (၂၆) ရက် အထိ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ လွိုင်မွေဒေသတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ချယ်ရီပန်းပွဲတော်(ပဥ္စမအကြိမ်) ကို လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာစေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ လွိုင်မွေဒေသ ချယ်ရီပန်းပွင့်ချိန်တွင် ပြည်သူများလာရောက်ကြည့်ရှု ဓာတ်ပုံရို-က်လေ့ရှိပြီး လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းဒေသရှိ ချယ်ရီပန်းများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ဆောင်းရာသီကာလ ချယ်ရီပန်းများပွင့်ချိန် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်း ရ က်သတ်မှတ်ကာ ချယ်ရီပန်းပွဲတော်ကျင်းပကြောင်း သိရသည်။ ချယ်ရီပန်းပွဲတော်တွင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ […] The post ချယ်ရီပန်းပွဲတော်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ကျင်းပမည် appeared first on Popular .