ရန်ကုန်၊ ဒီဇင်ဘာ ၂၂ အာဏာရှင်စစ်တပ်နှင့်တွေ့ဆုံညှိနှိုင်းခြင်းမှ တဆင့် နိုင်ငံရေးအဖြေရှာခြင်းမှာ အလုပ်မဖြစ်တော့ သဖြင့် ကိုယ့်ရေမြေကို ကိုယ်ပိုင်ကာကွယ်ကြရန် သံလွင်ငြိမ်းချမ်းရေးဥယျာဥ် အဖွဲ့က ဆုံးဖြတ်တိုက်တွန်းလိုက်ကြောင်း အဆိုပါအဖွဲ့က တရားဝင် ကြေညာသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကရင်ပြည်နယ်၊ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်တောအုပ် တနေရာ၌ ဆဋ္ဌမအကြိမ်မြောက် သံလွင်ငြိမ်းချမ်းရေးဥယျာဥ် အထွေထွေညီလာခံ ကျင်းပခဲ့ပြီး ယင်းညီလာခံက အထက်ပါ အတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာအာဏာရှင်စစ်တပ်သည် ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့်နယ်မြေများကိုတော်လှန်ရေး အဖွဲ့များထံမှ ပြန် လည်သိမ်းယူနိုင်ရန်အတွက် ပြည်သူ့အသက်ကိုပဓာနမထားသည့် လေကြောင်း တိုက်ခိုက်မှုများနှင့် ဖမ်းဆီးသတ်ဖြတ် မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်နိုင်ရန် တစ်ဖက်သတ်တွန်းအား ပေးလျက်ရှိ ကြောင်း အသိပေးထားသည်။ ထို့ကြောင့် […] The post အာဏာရှင်စစ်တပ်နှင့် တွေ့ဆုံညှိနှိုင်းခြင်းမှ နိုင်ငံရေးအဖြေရှာရန် အလုပ်မဖြစ်တော့၍ ကိုယ့်ရေမြေကို ကိုယ်ပိုင်ကာကွယ်ကြရန် သံလွင်ငြိမ်းချမ်းရေးဥယျာဥ်အဖွဲ့က တိုက်တွန်း appeared first on Khit Thit Media .