(၂) နှစ်ကျော်ကြာပိတ်ထားရသည့် ဖယ်ခုံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲပြန်လည်ဖွင့်လှစ်

Credit to Popular Journal - နယ်မြေဒေသအခြေအနေကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှစတင်ကာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲအား ယာယီပိတ်ထားခဲ့ရာမှ တပ်မတော်က ဖယ်ခုံမြို့အားပြန်လည်ထိန်းချုပ်ပြီးချိန်တွင် ဒေသတွင်းတည်ငြိမ်လာပြီဖြစ်၍ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင် ဘဏ်ခွဲကိုပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်ပြီးနောက် ဒေသတွင်းတာဝန်ထမ်းဆောင်နေသည့် တပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့နှင့် နိုင်ငံဝန်ထမ်းများ၏ လစာနှင့်အသုံးစရိတ်များထုတ်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်း၊ နိုင်ငံတစ်ဝန်း ဒေသအသီးသီးသို့ငွေလွှဲပေးပို့ခြင်း၊ ဒေသအသီးသီးမှ လွှဲပို့ငွေများထုတ်ပေးခြင်း၊ ငွေစုဆောင်းအပ်နှံခြင်းနှင့် စုဆောင်းအပ်နှံငွေများပြန်လည်ထုတ်ယူခြင်းတို့အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအားပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ The post (၂) နှစ်ကျော်ကြာပိတ်ထားရသည့် ဖယ်ခုံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲပြန်လည်ဖွင့်လှစ် appeared first on Popular .