Credit to Popular Journal - ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ဝင်များမှ ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မင်္ဂလာဒုံတွင် နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းခြင်းအဖြစ် သွေးလှူရှင် (၁၀၂) ဦးက လှူဒါန်းခဲ့ကြသည်။ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မင်္ဂလာဒုံမှ တပ်မှူးနှင့် တာဝန်ရှိသူများက သွေးလှူရှင်များအား နံနက်စာကျွေးမွေးပြီး၊ ကြက်ဥ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများ၊ အားဖြည့်အချိုရည်များပေးအပ်ကာ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ အမှတ်တရအင်္ကျီ၊ သောက်ရေသန့်နှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။ The post ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့ဝင်များ စုပေါင်းသွေးလှူ appeared first on Popular .