မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း ထိခိုက် ပျက်စီးမှုရှိပြီး ထိခိုက်ဒဏ်ရာသူ ရှိ၊ မရှိကို အတည်မပြုနိုင်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ ( SRDF ) ၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း နှင့် Unknown YGN UG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိုသို့ တိုက်ခိုက်ရခြင်းသည် စစ်ကောင်စီက ပြုလုပ်ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲတွင် စစ်အာဏာရှင် […] The post မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းရှိ ပြည်သူ့ပါတီရုံးတွင် ဗုံးပေါက်ကွဲ appeared first on Khit Thit Media .