Credit to Popular Journal - ဒီဇင်ဘာ ၂၂ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ယနေ့ မလေးရှားနှင့် သုံးပွင့်ဆိုင်အစည်းအဝေးတွင် ကွာလာလမ်ပူရ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်လည်စတင်ရန် နောက်ဆုံးတွင် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။ မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အစည်းအဝေးသို့ ရောက်ရှိသတင်းယူနေသော ကမ္ဘောဒီးယားသတင်းစာဆရာများကလပ် ဥက္ကဋ္ဌ ပွိုင်ကီ၏ ပြောကြားချက်အရ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ပရတ်ဆိုခွန်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာသတ်က်ဖောင်ကက်ကီယိုတို့သည် သဘောတူညီမှုတစ်ရပ်ကို ရရှိခဲ့ကြကြောင်း သိရသည်။ အဆိုပါ သဘောတူညီမှုကိုရှိရေးအတွက်ဆွေးနွေးရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတို စီရီ အူတားမား ဟာဂျီ မိုဟာမက် ဘင် ဟာဂျီ ဟာဆန် က သက်သေအဖြစ် ပါဝင်ခဲ့ကြောင်း သိရှိရသည်။ လာမည့် ရက်အနည်းငယ်အတွင်း နှစ်နိုင်ငံ စစ်ဘက်အရာရှိကြီးများ တွေ့ဆုံကာ တင်းမာမှုလျှော့ချရေးနှင့် အပ-စ်အခတ်ရပ်စဲရေး ကိစ္စရပ်များကို […] The post ကမ္ဘောဒီးယားနှင့် ထိုင်းတို့ အပ-စ်အခတ်ရပ်စဲရေး ဆွေးနွေးမည် appeared first on Popular .