ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တစ်ဦးချင်း သီးသန့် တွေ့ဆုံခွင့်ရရန်၊ စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးအတွက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဧရာ၀တီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် စစ်တပ်အနေဖြင့် အဆင့်သင့်ရှိသည်ဟု တရုတ်နိုင်ငံသို့ တရား ဝင် အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မြစ်ဆုံစီမံကိန်း ပြန်စချင်တယ်ဆိုပြီး စပြီး ကမ်းလှမ်းတာက ဒီဘက်က ကမ်းလှမ်းတာပါ။ တပ်ချုပ်ကနေ သံတမန်လမ်းကြောင်းကနေ တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်း ပြန်လည် စ တင် မယ်ဆိုရင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်နိုင်တယ်ဆိုပြီး […] The post ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ appeared first on Khit Thit Media .