Credit to Popular Journal - ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌နေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပျ-က်စီး/ပျေ-ာက်ဆုံးမှုများ၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်မလျှောက်ထားရသေးသူများနှင့် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID ထုတ်ပေးမှုများကို ယနေ့ ဒီဇင်ဘာ ၂၂ ရက်က One Stop Service ဖြင့်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စမ်းချောင်းမြို့နယ်ဦးစီးမှူးရုံး၌ပြုလုပ်ပေးခြင်းဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတို့မှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုပြီးနောက် ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ စာရွက်စာတမ်းနှင့် စက်ပစ္စည်းကိရိယာများ လုံခြုံမှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဝန် ကြီးချုပ်တို့သည် အလုံခရိုင်ဦးစီးမှူးရုံးအတွင်း ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရုံးစာရွက်စာတမ်းများထိန်းသိမ်းထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအချိန်မီပြီးစီးအောင်မြင်စေရေး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ […] The post စမ်းချောင်းမြို့နယ်၌ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြုလုပ်ပေး appeared first on Popular .