Credit to Popular Journal - မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးတိုင်းရှိ တံတားဦးဆေးရုံ၏ ရေပေးဝေရေးစနစ်ထိခိုက်ပျက်စီးခဲ့သည့်နည်းတူ အဆောက်အအုံပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ICRC မှ ခွဲစိတ်ခန်းတွင် ရေသန့်စင်စနစ်တပ်ဆင်ခြင်း၊ အချင်းထည့်ရန်တွင်းတည်ဆောက်ခြင်း၊ ဆေးရုံထွက်စွန့်ပစ်ပစ္စည်းများစီမံခန့်ခွဲရန် ပစ္စည်းကိရိ ယာများပံ့ပိုးခြင်း၊ လီတာ(၉,၀၀၀)ဆံ့ရေစင်တည် ဆောက်ခြင်းနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းစဥ်များအ တွက် သန့်ရှင်းပြီးဘေးကင်းသည့်ရေရရှိစေရန် အဝီစိ တွင်းသစ်တူးခြင်းတို့ကိုကူညီပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ The post ICRC မှ ငလျင်ဒဏ်သင့် တံတားဦးဆေးရုံအတွက် အဝီ စိတွင်းသစ်တူးခြင်းအပါအဝင် ကူညီမှုများပြုလုပ်ပေးခဲ့ appeared first on Popular .