ချမ်းအေးသာစံမြို့နယ်၌ (၂)ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်

Credit to Popular Journal - မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ (၂)ထပ်နေ အိမ်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၇၄ လမ်းကြား ၃၅ လမ်း၊ မောရဂီဝရပ်ကွက်ရှိ (၂)ထပ်ပျဥ်ထောင်အိမ်တစ် လုံးတွင် မီးလောင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၇ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။Photo-Ko Than Htay The post ချမ်းအေးသာစံမြို့နယ်၌ (၂)ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ် appeared first on Popular .