Credit to Popular Journal - Call of Duty နှင့် Battlefield ဗီဒီယိုဂိမ်းစီးရီးများကို ဖန်တီးခဲ့သူတစ်ဦးဖြစ်သည့် Vince Zampella သည် ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း NBC News သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ မတော်တဆမှုသည် တနင်္ဂနွေနေ့က San Gabriel တောင်တန်းဒေသရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၅၅ နှစ်အရွယ် Zampella လိုက်ပါလာသည့် ကားသည် ကွန်ကရစ်အတားအဆီးတစ်ခုကို တိုက်မိကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ခရီးသည်နှစ်ဦးစလုံးမှာ ရရှိသောဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့သည်။ လက်ရှိအချိန်အထိ မတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို မသိရှိရသေးချေ။ Vince Zampella သည် အောင်မြင်ကျော်ကြားလှသော Call of Duty ဂိမ်းစီးရီးများကို ထုတ်လုပ်ခဲ့သည့် Infinity […] The post Call of Duty နှင့် Battlefield ဂိမ်းဖန်တီးသူ အမေရိကန်တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် appeared first on Popular .