မုံရွာမြို့နယ်မှ ခရီးဝေးသွားမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

Credit to Popular Journal - မုံရွာမြို့နယ်တွင်  ရွေးကောက်ပွဲနေ့ မတိုင်မီ ခရီးဝေးတွင် တာဝန်များ ထမ်းဆောင်ကြမည့် ဝန်ထမ်းများသည် ဒီဇင် ဘာ (၂၂)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် နန္န္ဒဝန်ရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ပဥ္စမနေ့အဖြစ် ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသည့်နေ့နှင့် ယင်းနေ့မတိုင်မီ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာကြမည့် ဝန်ထမ်းများအနေဖြင့် ကြိုတင်ဆန္ဒမဲများပေးခြင်းဖြစ်သည်။ မုံရွာမြို့နယ်အတွင်း ခရီးဝေးသွားလာကြသည့် ဝန်ထမ်းများနှင့် ပြည်သူများ ကြိုတင်ဆန္ဒမဲကို ဒီဇင်ဘာ (၂၇)ရက်အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်ဆန္ဒမဲပေးကြရာတွင် ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများက သတ်မှတ်နေရာများ၌ မဲပေးလျက်ရှိရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး နှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များကို […] The post မုံရွာမြို့နယ်မှ ခရီးဝေးသွားမည့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး appeared first on Popular .