Credit to Popular Journal - တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းပျ-က်ရာခိုင်နှုန်း လျှော့ချနိုင်ရေးအတွက် ဆရာ၊ ဆရာမများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က တိုက်တွန်းပြောကြားခဲ့သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ကန်ရေး၊ သင်ယူမှုဝန်းကျင်ကောင်းဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ၏ ပရောဂျက်များကို သေချာစွာစိစစ်၍ စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်တက်ရောက်ရခြင်း၏ အနှစ်သာရကို ခံစားနိုင်စေရေး၊ကျောင်းတွင်း အားကစားပွဲများတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ သိပ္ပံပွဲတော်၌ ပြသမည့် ပြခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ လက်တွေ့ဆောင်ရွက်နိုင်ပြီး စိတ်ပါဝင်စားမည့် အကြောင်းအရာများကို […] The post တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းပျ-က်ရာခိုင်နှုန်း လျှော့ချရေး အလေးထားရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း appeared first on Popular .