Credit to Popular Journal - ကျင့်ဝတ်များကို လိုက်နာရန်နှင့် ပြည်သူလူထုနင့်ဆက်ဆံရာတွင် ဖော်ရွှေစွာ ပြောဆိုဆက်ဆံကြစေလိုကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနစ်တွင် သစ်လွင်သူနာပြု(၁၅၂၀) နှင့် သစ်လွင်သားဖွား(၃၆၁) ဦးကို နိုင်ငံဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလနှင့် မေလတို့၌ လည်း သူနာပြု (၁၇၆၂)ဦးကို သစ်လွင်သူနာပြုအဖြစ် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ သူနာပြု-သားဖွား ဒီပလိုမာ သုံးနှစ် သင်တန်းဆင်းမည်၊သစ်လွင်သူနာပြုများနှင့် သားဖွား ဒီပလိုမာ နှစ်နှစ်သင်တန်းဆင်းမည့် သစ်လွင်သားဖွားများကို နိုင်ငံဝန်ထမ်းအဖြစ် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ခန့်အပ်လွှာပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အရည်အသွေးအရည်အချင်းပါ ပြည့်ဝရုံသာမက ကျင့်ဝတ်များကိုလိုက်နာရန်နှင့် ပြည်သူလူထုနင့်ဆက်ဆံရာတွင် ဖော်ရွှေစွာ ပြောဆိုဆက်ဆံကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကပြောကြာခဲ့သည်။ လက်ရှိ သူနာပြု၊သားဖွားသင်တန်းကျောင်းနှင့် ရန်ကုန်တိုင်းအတွင်းရှိ […] The post ၂၀၂၅ ခုနှစ်အတွင်း သစ်လွင်သူနာပြု (၁၅၀၀)ကျော်နှင့် သစ်လွင်သားဖွား(၃၆၁)ဦးကို နိုင်ငံဝန်ထမ်းအဖြစ် ခန့်အပ် appeared first on Popular .