Credit to Popular Journal - အကြမ်းဖက်အဖွဲ့ဝင်များမိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးခဲ့သည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့တို့ဆက်သွယ်ထားသော ဧရာဝတီတံတား(ရတနာသိင်္ခ)နေရာတစ်ဝိုက်အား တပ်မတော်မှ ဒီဇင်ဘာ ၁၉ ရက်က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား အောက်တိုဘာ ၂၉ ရက်က မိုင်းထောင်ဖေ-ာက်ခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် တံတား၏ ရေလည်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့ကြား၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်ကျိုးကျပျ-က်စီးခဲ့၍ မော်တော်ယာဉ်များနှင့် ခရီးသွားများဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးခဲ့သဖြင့် တံတားပြုပြင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန် တံတားနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သဖြင့် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်တွင် အကြမ်းဖက်အဖွဲ့များ ခေတ္တစိုးမိုးထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)နှင့် ၎င်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တပ်မတော်မှ […] The post တပ်မတော်က ဧရာဝတီတံတား(ရတနာသိင်္ခ)နှင့် ယင်းနေရာတစ်ဝိုက်အားပြန်လည်သိမ်းပိုက် appeared first on Popular .