ပဲခူးမြို့နယ်နေထိုင်သူများအား မှတ်ပုံတင်များကို One Stop Service ဖြင့်နေ့ချင်းပြီးပြုလုပ်ပေး

Credit to Popular Journal - ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းမှ စတင်ကာ မှတ်ပုံတင်များကို One Stop Service ဖြင့်နေ့ချင်းပြီး ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ပဲခူးမြိုနယ်အတွင်း မှတ်ပုံတင်ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် ပျေ-ာက်ဆုံး၊ ပျ-က်စီး၊ လဲလှယ်သူများကို One Stop Service ဖြင့်ပြုလုပ်ပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုဇယားပုံစံ(၆၆/၆)၌ပါရှိပြီး အ သက်(၁၈)နှစ်ပြည့်ကာ မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊(ပျေ-ာက်ဆုံး၊ ပျ-က်စီး၊ လဲလှယ်)မည့်သူများကို  မကြာမှီကျင်းပမည့် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ကိုင်ဆောင်ကာ မဲပေးနိုင်ရေးအတွက် နေ့ချင်းပြီးပြုလုပ်ပေးလျှက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ The post ပဲခူးမြို့နယ်နေထိုင်သူများအား မှတ်ပုံတင်များကို One Stop Service ဖြင့်နေ့ချင်းပြီးပြုလုပ်ပေး appeared first on Popular .