ပြည်ပတွင် မြန်မာနိုင်ငံသား သန်းချီ ရောက်ရှိနေသော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု ၅၀၀၀ ဝန်းကျင်သာရှိ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကြိုတင်မဲပေးသူ ၃၀၀ ကျော်ဝန်းကျင်သာရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံသား သန်းပေါင်းများစွာ ရောက်ရှိနေသော် လည်း စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးမှုမှာ ဆန္ဒမဲပေါင်း ၅၀၀၀ ဝန်းကျင်သာရှိကြောင်း စစ်တပ်လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ဒီဇင်ဘာလ ၇ ရက်နေ့တို့တွင် ပြည်ပရောက်မြန်မာ နိုင်ငံသားများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များကို စစ်တပ်လက်အောက်ခံ သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး အပါ အဝင် စုစုပေါင်း ရုံးပေါင်း ၅၀ ရုံးတွင် ကောက်ခံခဲ့ကြောင်း၊ ထိုသို့ ကောက်ခံခဲ့ရာတွင် ကြိုတင်မဲပေးသူ စုစုပေါင်းမှာ ၅၀၀၀ ကျော် ဝန်းကျင်သာရှိကြောင်း သိရှိရသည်။ “သံရုံး ဝန်ထမ်းနဲ့ မိသားစုတွေ၊ စစ်သံရုံးဝန်ထမ်းနဲ့ မိသားစုတွေနဲ့ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းနဲ့ မိသားစုတွေရဲ့ မဲတွေ […] The post ပြည်ပတွင် မြန်မာနိုင်ငံသား သန်းချီ ရောက်ရှိနေသော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှု ၅၀၀၀ ဝန်းကျင်သာရှိ၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကြိုတင်မဲပေးသူ ၃၀၀ ကျော်ဝန်းကျင်သာရှိ appeared first on Khit Thit Media .