ကမ္ဘောဒီးယား-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စကို မြန်မာနိုင်ငံမှ ဘက်လိုက်ခြင်းမရှိဘဲရပ်တည်လျက်ရှိ

Credit to Popular Journal - ကမ္ဘောဒီးယား-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စကို မြန်မာနိုင်ငံမှ ဘက်လိုက်ခြင်းမရှိဘဲရပ်တည်လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ပြောသည်။ ၎င်းမှ ဒီဇင်ဘာ ၂၂ ရက်က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား လက်ရှိအခြေအနေနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ အစည်းအဝေးပုံစံနှစ်မျိုး (Hybrid Format)ဖြင့်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီးဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ဖြစ်ပွားနေသော အရေးကိစ္စအပေါ် မည်သည့်ဘက်ကမှ ဘက်လိုက်ခြင်းမရှိပဲ ရပ်တည်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပြီး နှစ်နိုင်ငံကြားရှိ သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် အဖြေရှာခြင်း၏ အရေးပါမှုကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ ယင်းနှစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးရှိ၍ နှစ်နိုင်ငံလုံးအနေဖြင့် အိမ်နီးချင်းကောင်းစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်သော အာဆီယံမိသားစုစိတ်ဓာတ်တို့ဖြင့် ဖြစ်ပေါ်နေသောအရေးကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်းပြီး နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်အဖြေ မကြာမီရရှိနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံကယုံကြည်မျှော်လင့်သည်ဟုလည်း နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ […] The post ကမ္ဘောဒီးယား-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့်အရေးကိစ္စကို မြန်မာနိုင်ငံမှ ဘက်လိုက်ခြင်းမရှိဘဲရပ်တည်လျက်ရှိ appeared first on Popular .