Credit to Popular Journal - အကြမ်းဖက်ဖြစ်စဥ်များကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်ခါနီးမှစတင်ကာ ယာယီပိတ်ထားခဲ့ရသည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် စေတနာရှင်များပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒေသခံများအား ကျန်းမာရေးဝန်ထမ်းများက ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိ၍ သုံးဆယ်တိုက်နယ်မှ ဒေသခံ(၃၀,၀၀၀)ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ အသက်(၁၅) နှစ်အောက် ကလေးငယ်(၃၂,၃၅၀) ဦးအားလိုအပ်သည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ The post (၂)နှစ်ကျော်ကြာပိတ်ထားရသည့် နောင်ချိုမြို့နယ်ရှိ သုံးဆယ်တိုက်နယ်ဆေးရုံပြန်လည်ဖွင့်လှစ် appeared first on Popular .