တုတ်ကွေး K ရောဂါပိုး မြန်မာနိုင်ငံတွင် မတွေ့သေးဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

Credit to Popular Journal - တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံတွင် တွေ့ရှိရသည့် ရာသီတုတ်ကွေးအမျိုးအစားတစ်မျိုးဖြစ်သော Influenza A H3N2 Subclade K ရောဂါပိုးကို မြန်မာနိုင်ငံတွင် မတွေ့သေးဘူးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ရောဂါပိုးရှိမရှိ ဓာတ်ခွဲစမ်းသပ်ခဲ့ပြီး မတွေ့ရသေးကြောင်း၊ လူထုအတွင်း Influenza A H3N2ရောဂါပိုးကို ခုခံနိုင်မည့် ကိုယ်ခံအားအသင့်အတင့်ရှိနေကြောင်းကျန်းမာရေးဝန်ကြီးဌာနကဆိုသည်။ ထို့ပြင် လက်ရှိအသုံးပြုနေသည့် တုတ်ကွေးကာကွယ်ဆေးနှင့် ကုသဆေးများသည် ကာကွယ်ကုသနိုင်ကြောင်း သိရသည်။ သို့သော် ရာသီတုတ်ကွေးရောဂါပိုးသည် က‌လေးငယ်၊ သက်ကြီးရွယ်အို၊ ကိုယ်ခံအားကျသူ၊ ရောဂါအခံရှိသူ၊ကိုယ်ဝန်ဆောင်များတွင် ပိုမိုပြင်းထန်စွာခံစားရနိုင်သည့်အတွက် ရောဂါကာကွယ်ရေးများဖြစ်သည့် လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းခြင်းတို့ကိုဆောင်ရွက်ရန် သတိပေးနှိုးဆော်ထားသည်။ The post တုတ်ကွေး K ရောဂါပိုး မြန်မာနိုင်ငံတွင် မတွေ့သေးဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန် appeared first on Popular .