Credit to Popular Journal - မြန်မာနိုင်ငံ၏ အအေးပိုင်း ဒေသများ၌သာ ပွင့်နိုင်သည့် ချယ်ရီပန်းများသည် လက်ရှိ၌ တောင်ကြီးမြို့အနီးတဝိုက်တွင် စတင်ပွင့်လာပြီဖြစ်ရာ ချယ်ရီပန်းများ မခူးကြရန် မေတ္တာရပ်ခံသည့် “Cherry Campaing” ပြုလုပ်လျက်ရှိကြောင်း သိရသည်။ “ပုံမှန်ဆို ဒီဇင်ဘာလ အကုန် ဇန်နဝါရီလ လောက်မှပွင့်တဲ့ ချယ်ရီပန်းလေးတွေက သစ်ပင်၊ သစ်တောများပြုန်းတီးခြင်းနဲ့ လူတို့ရဲ့ ခူးယူချိုးဖျ-က်ခြင်းတွေကြောင့် တောင်ကြီးမြို့မှာဆိုရင် ချယ်ရီပင်တွေက သိသိသာသာကိုလျော့နည်းလာတာဟာ (၁၀)စုနှစ် တစ်ခုစာလောက်တောင်ရှိနေပါပြီ” ဟု ကမ်ပိန်းပြုလုပ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။ ထို့ကြောင့် ခေတ်ကာလ အခြေနေအရ ရာသီစာပန်းများနှင့် ဓါတ်ပုံရို-က်ချင်သူများအတွက် သစ်ပင်၊ ပန်းပင် ချစ်သူများအတွက် ချယ်ရီပန်းများမခူးကြရန် မေတ္တာရပ်ခံသည်ဟုလည်း ဆိုသည်။ “ချယ်ရီပန်းဆိုတာ မိနစ်ပိုင်းအတွင်း ညှိုးသွားတတ်တဲ့ပန်းမို့လို့ လုံး၀ကို မခူးယူဖို့နဲ့ အကိုင်းအခက်တွေကို ချိုးခြင်းဟာ ချယ်ရီပင်ရဲ့ ရှင်သန်ကြီးထွားခြင်းကို ဒ-ဏ်ရာအနာတရဖြစ်စေနိုင်ကြောင်း […] The post ချယ်ရီပန်းရာသီ၌ ချယ်ရီပန်းများ မခူးကြရန် မေတ္တာရပ်ခံသည့် ကမ်ပိန်းပြုလုပ် appeared first on Popular .