Credit to Popular Journal - ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် ကန့်သတ်ချက်များရှိနိုင်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကပြောဘသည်။ ယနေ့ ချင်းပြည်နယ် အစိုးရရုံ၌ ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် နေ့ရက်သည့် ရက်ပိုင်းမျှသာ နီးကပ်လာပြီဖြစ်ပြီး ကျန်ရှိသည့် အဖိုးတန်အချိန်အတွင်းမှာ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီး ချုပ်က ပြောကြားသည်။ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ ထို့ပြင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် ကန့် သတ်ချက်များရှိနိုင်ကြောင်း၊ မလွန်ဆန်နိုင်သည့်ဖြစ်ရပ်များမှအပ လုံလဝီရိယစိုက်ထုတ်မှုအပိုင်း၌ ပြောစရာမရှိအောင် အားထုတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ […] The post ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် appeared first on Popular .