ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် ရွေးကောက်ပွဲကို လာရောက်မဲမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသော ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်း မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး အောင်ကြိုင်ကို တော်လှန်ရေး ရဲဘော်များက ၎င်းနေအိမ်အတွင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားသော ရပ်ကျေးစာရေး အောင်ကြိုင်က စစ်မှုထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် အတုအယောင် တရားမဝင် ရွေး ကောက်ပွဲ […] The post မကွေးတွင် ရွေးကောက်ပွဲနေ့ မဲမပေးသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသော ရပ်/ကျေးစာရေး အောင်ကြိုင် ပစ်ခတ်ခံရပြီး သေဆုံး appeared first on Khit Thit Media .