စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသည့် မန္တလေးလူထုသပိတ်ခေါင်းဆာင် ကိုထက်မြတ်အောင် အဆက်အသွယ်လုံး၀ ပြတ်တောက်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ မန္တလေးလူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်သည် စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံရပြီးနောက် ယနေ့ထက်တိုင် အဆက်အသွယ်ပြတ်တောက်နေသဖြင့် ၎င်း၏အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်မိကြောင်း ရတနာပုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ (ရ.တ.က.သ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရစဉ်‌၌ အကြမ်းဖက်စစ်တပ်က ထိုးကြိတ်ရိုက်နှက် အပါအဝင် အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်က ဖမ်းဆီးချိန်တွင် မတရားအကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်ကိုလည်းစုံစမ်းသိရှိရကြောင်း သိရှိရသည်။ ထို့ပြင် ကိုထက်မြတ်အောင်သည် ဖမ်းဆီးခံရသည့်နေ့မှစ၍ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အဆက်အသွယ် မရရှိတော့သည့်အပြင် ၎င်း၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍လည်း အကြမ်းဖက်စစ်တပ်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့ကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေဖြင့် ကိုထက်မြတ်အောင်၏ […] The post စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသည့် မန္တလေးလူထုသပိတ်ခေါင်းဆာင် ကိုထက်မြတ်အောင် အဆက်အသွယ်လုံး၀ ပြတ်တောက်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရ appeared first on Khit Thit Media .