ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရရှိကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းမှု သတင်းရရှိပြီးနောက်ထိုင်း ရဲတပ်ဖွဲ့က လေဆိပ်အနီးရှိ ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းကာ မြန်မာနိုင်ငံသား ၄ ဦးကို တရုတ်လုပ် ဒရုန်း ၁၀ စီးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့က သုဝဏ္ဏဘူမိလေဆိပ်မှ ၃ ကီလိုမီတာခန့်အကွာရှိ Grand BS Airport Hotel ကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး အဆိုပါဟိုတယ်ခန်းအား လေဆိပ်အနီး ဒရုန်းပျံသန်းမှုကို ထိန်းချုပ်သည့် စခန်းအဖြစ် သံသယရှိသဖြင့် […] The post မြန်မာစစ်တပ်ထံသို့ ရောင်းချမည့် တရုတ်လုပ်ဒရုန်း ၁၀ စီးနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးရရှိ appeared first on Khit Thit Media .