ကမ္ဘောဒီးယားနှင့်ဒီဇင်ဘာလ၂၄ရက်‌နေ့တွင်ဆွေးနွေးမည်-ထိုင်းဝန်ကြီး

Credit to Popular Journal - ကွာလာလမ်ပူ၊ဒီဇင်ဘာ၂၂ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟာသတ်က်ဖွမ်ကက်ကီယိုက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအပြီးတွင် ထိုင်း-ကမ္ဘောဒီးယား အပ-စ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်ခြင်းကိုကြိုဆိုကြောင်းနှင့် ဒီဇင်ဘာလ၂၄ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် နောက်ထပ်တွေ့ဆုံမှုတွင် အပ-စ်အခတ်ရပ်စဲရေးအတွက် အသေးစိတ်ကိုထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသောပဋိပက္ခများကိုဖြေရှင်းရန်အတွက် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် သီဟာသတ်က်က ထိုင်းအနေဖြင့်သက်ဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံ လမ်းကြောင်းများမှတစ်ဆင့် ဖြေရှင်းသွားရန် မျှော်လင့်ကြောင်းနှင့်အပ-စ်အခတ်ရပ်စဲရေးဆိုင်ရာ အထွေထွေနယ်စပ်ကော်မတီ၏ မူဘောင်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန် အထူး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုဒေသတွင်းအုပ်စုများကတင်းမာမှု လျော့ပါးစေရန် ကြိုးပမ်းနေစဉ် ကွာလာလမ်ပူတွင် တနင်္လာနေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။ Ref: ရှင်းဟွာ The post ကမ္ဘောဒီးယားနှင့်ဒီဇင်ဘာလ၂၄ရက်‌နေ့တွင်ဆွေးနွေးမည်-ထိုင်းဝန်ကြီး appeared first on Popular .