အာဏာရှင်ကိုသက်ဆိုးထပ်ရှည်စေဦးမည့် စစ်မီးလျှံများကြားကရွေးကောက်ပွဲအတု

စစ်အုပ်ချုပ်ရေးကာလ ငါးနှစ် နီးပါးတွင် ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မ စစ်မှုထမ်းခိုင်းစေမှု၊ နေအိမ်များ မီးရှို့ခံရမှု၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများ ဗုံးကြဲဖျက်ဆီးခံရမှု၊ ဆင်းရဲမွဲတေမှုဒဏ်များ အလူးအလဲခံနေကြရသည့် မြန်မာပြည်သူလူထုသည် သေနတ်ထောက် ခြိမ်းခြောက်ခံနေရပြီး အတင်းအကျပ် ဆန္ဒမဲပေးရမည့် အခြေအနေဖြင့်ပါ ထပ်ကြုံနေကြရသည်။