ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်ကြရန် မင်းအောင်လှိုင် မဲဆွယ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်း ကြောင်း အပေါ် လျှောက်လှမ်းသွားကြရန် အကြမ်းဖက် မင်းအောင်လှိုင်က မဲဆွယ်ပြန်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သ လစ်ဘုရားကျောင်းတော်ကြီးတွင် ပြုလုပ်သော ခရစ္စမတ်အခမ်းအနားတွင် မင်းအောင် လှိုင်က ထိုကဲ့သို့ မဲဆွယ်လာခြင်းဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရန် ၅ ရက်အလိုတွင် မည်သည့်အခမ်းအနားကိုမှ မရှောင်တော့ဘဲ မင်းအောင်လှိုင်က မဲဆွယ်လာခြင်းဖြစ်သည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ခရစ္စမတ်ပွဲတွင် ပြောဆိုသည်။ ယင်းအပြင် ဘာသာရေးကိုးကွယ်မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ […] The post ရန်ကုန်ခရစ္စမတ်ပွဲအခမ်းအနားတွင် ဘာသာတရားအပေါ် အခြေခံပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်ကြရန် မင်းအောင်လှိုင် မဲဆွယ်ပြန် appeared first on Khit Thit Media .