ကမ္ဘောဒီးယားတွင် ကျားဖြန့်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော် လူကုန်ကူးလှည့်ဖျားခေါ်ဆောင်ခံရပြီး ပိတ်မိနေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော်မှာ တရုတ်နိုင်ငံသားများ၏ လူကုန်ကူးလှည့်ဖျားခေါ်ဆောင်မှုကို ခံထားရပြီး လက်ရှိတွင် ပြန်လာခွင့်မရဘဲ ပိတ်မိနေကြောင်း ကျားဖြန့်ဝင်းအတွင်း ကိုယ်တိုင်ပိတ်မိနေသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ မြန်မာနိုင်ငံသား ၂၀၀ ကျော်ခန့်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ Koh Kong ပြည်နယ်၊ Dara Sakor ရှိ Khum Kaon Sdach နယ်မြေအတွင်းရှိ တရုတ်စီမံကိန်းနယ်မြေတစ်ခုတွင် ပိတ်မိနေပြီး အလုပ်မှထွက်၍ ပြန်လာချင်သော်လည်း ပြန်ခွင့်မရဘဲ အကျပ်ကိုင်ခံနေရကြောင်း သိရှိရသည်။ အဆိုပါ မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံသားများက အမေရိကန်ဒေါ်လာ ၇၀၀ မှ ဒေါ်လာ ၁၀၀၀ အထက်အထိ လစာပေးမည်ဟုဆိုကာ အလုပ်အကိုင်အေဂျင်စီပွဲစားများမှတစ်ဆင့် ဖျားယောင်းခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အချို့မှာ မြန်မာနိုင်ငံ၏ […] The post ကမ္ဘောဒီးယားတွင် ကျားဖြန့်လုပ်ကိုင်ရန် မြန်မာနိုင်ငံသား ၂၀၀ ကျော် လူကုန်ကူးလှည့်ဖျားခေါ်ဆောင်ခံရပြီး ပိတ်မိနေ appeared first on Khit Thit Media .