တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စစ်ရေယာဉ်များက အမြှောက်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြု

Credit to Popular Journal - တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့ကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ်(ရန်ကြီးအောင်)တို့မှ အမြောက်(၂၁) ချက်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြုခဲ့ကြကာ ရေငုတ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်)၊ ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)ဦးဆောင်သော ဖရီဂိတ်စစ်ရေ ယာဉ်(ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)၊ ကမ်းလွန်ကင်းလှည့်ရေယာဉ်(အင်းလေး)၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(ရန်ငြိမ်းအောင်)နှင့် ရေငုပ်သင်္ဘောတို-က်ဖျ-က်ရေးရေယာဉ်(ရန်ရဲအောင်)၊ အမြန်သွားတို-က်ခို-က်ရေးရေယာဉ်(ဒုံးပျံ)စစ်ရေယာဉ်(၄၉၁)၊ အမြန်သွားတို-က်ခို-က်ရေးရေယာဉ်(ဒုံးပျံ)စစ်ရေယာဉ်(၄၉၂)တို့ကလည်း Single Line Formation ပုံပြုပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီးချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် အမြန်သွားတို-က်ခို-က်ရေးရေယာဉ် စစ်ရေယာဉ် (၅၆၄)၊ (၅၆၆)၊ (၅၅၆)၊ (၅၅၈)၊ ကမ်းခြေစောင့်တို-က်ခို-က်ရေးရေယာဉ် စစ်ရေယာဉ်(၄၂၇)၊ (၄၂၈)၊ အမြန်သွားကင်းလှည့်ရေယာဉ်စစ်ရေယာဉ်(၂၇၁)၊ (၂၇၂)၊ (၂၇၆)၊ (၂၇၈)တို့ကလည်း Line Abreast Formation ပုံပြုပုံစံများဖြင့် အသီးသီးပုံပြုမောင်းနှင်ပြီးချီတက်အလေးပြုခဲ့ကြကြောင်း […] The post တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စစ်ရေယာဉ်များက အမြှောက်ပစ်ဖောက်၍ ဂုဏ်ပြုအလေးပြု appeared first on Popular .