Credit to Popular Journal - ရေကြောင်းလုံခြုံရေးဆိုင်ရာပြဿနာများ၊ ခြိမ်းခြောက်မှုများကိုဖြေရှင်းနိုင်ရန် ခေတ်မီပြီးအင်အားတောင့်တင်းခိုင်မာသည့် ရေတပ်ရှိရန်လိုအပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်တွင်ကျင်းပသည့် တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၁ ရာစုတွင် နိုင်ငံအများစုသည် သမားရိုးကျခြိမ်းခြောက်မှုများအပြင် သမားရိုးကျမဟုတ်သော ခြိမ်း ခြောက်မှုများဖြစ်သည့် ပင်လယ်ဓားပြမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကူးမှုစသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေကြရသည်ဟု ပြောသည်။ ထိုသို့ ခြိမ်းခြောက်မှုများကိုဖြေရှင်းနိုင်ရန် ခေတ်မီပြီး အင်အားတောင့်တင်းခိုင်မာသည့် ရေတပ်ရှိရန်မှသာ မိမိတို့၏ ပိုင်နက် ပင်လယ်၊ သီးသန့် စီးပွားရေးဇုန်၊ ကမ်းရိုးတန်းဒေသများနှင့် နိုင်ငံ၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်ဥပဒေများနှင့်အညီ အပြည့်အဝထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဟု ပြောသည်။ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းသည် (၁,၂၆၀)ရေမိုင်ရှည်လျားပြီး ကိုကိုးကျွန်းကဲ့သို့ မဟာဗျူဟာအချက်အချာကျသည့် ကျွန်းများအပါအဝင် ကျွန်းကြီး၊ ကျွန်းငယ် ပေါင်း(၁,၄၀၀)ကျော်ရှိကာ ရေပြင်နယ်နိမိတ် […] The post ရေကြောင်းလုံခြုံရေးဆိုင်ရာပြဿနာများ၊ ခြိမ်းခြောက်မှုများကိုဖြေရှင်းနိုင်ရန် ခေတ်မီပြီးအင်အားတောင့်တင်းခိုင်မာသည့် ရေတပ်ရှိရန်လိုအပ် appeared first on Popular .