Credit to Popular Journal - မြန်မာနိုင်ငံ၏ စက်သုံးဆီလိုအပ်ချက်အတွက် တစ်ဖက်တစ်လမ်းမှဖြည့်ဆည်းပေးနိုင်မည့် တစ်နှစ်လျင် တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီး ပထမအဆင့် (Phase I) စတင်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ပြောကြားချက်အရ သိရသည်။ စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲတို့ကို ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ ကျင်းပစဥ်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၂၅ ခုနှစ်တွင် ခေတ်မီနည်းစနစ်များကိုအသုံးပြုပြီး နေ့စဉ်လည်ပတ်ချက်လုပ်နိုင်စွမ်း ဂါလန် (၈) သိန်းရှိသည့် သန်လျင်ရေနံချက်စက်ရုံကြီးကိုတည်ဆောက်ခဲ့ပြီးနောက် အဆင့်ဆင့်တိုးချဲ့တည်ဆောက်ကာ ရေနံထွက်ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်ပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ကုန်ကြမ်းရရှိမှုနည်းပါးခြင်း၊ ထုတ်လုပ်သည့် စက်သုံးဆီများအရည်အသွေးမှာ ဈေးကွက်လိုအပ်ချက်မပြည့်မီခြင်းတို့ကြောင့် ရပ်နားခဲ့ရသည်မှာ (၈) […] The post တန်ချိန် (၅) သိန်းချက်လုပ်နိုင်မည့် သန်လျင်ရေနံချက် စက်ရုံသစ်ကြီး ပထမအဆင့်စတင်လည်ပတ် appeared first on Popular .