၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်း တည်ဆောက်နေမှု  ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်

Credit to Popular Journal - ယခု အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့် ပဲခူးမြို့နယ် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပဲခူးမြိုနယ်အတွင်း လျှပ်စစ်ဓာတ်အား ပိုလွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲစီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building နှင့် Switch Yard တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး၊  ထရန်စဖော်မာများ၊ Shunt Reactor နှင့် Hybrid Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းလုပ်ဆောင်မှုများကိုလည်း ယမန်နေ့ ဒီဇင်ဘာ(၂၄)ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်းက သွားရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။ ထိုနောက်  ပဲခူးတိုင်းဒေသကြီး တောင်ငူမြိုရှိ […] The post ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ စီမံကိန်း တည်ဆောက်နေမှု  ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ် appeared first on Popular .