Credit to Popular Journal - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒ-ဏ်ရာရရှိခဲ့သည့် မောင်ခွန်တူးတူးကို အာမခံကုမ္ပဏီမှ နစ်နာကြေး ဘတ် ၂၁၀,၀၀၀ (ဘတ် နှစ်သိန်းတစ်သောင်းတိတိ) ပေးအပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။ ၎င်းကို ဒီဇင်ဘာ ၂၄ ရက်တွင် ဘန်ကောက်မြို့၊ အလုပ်သမားသံအရာရှိရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၂၂ ရက်တွင်လည်း ထိုင်းနိုင်ငံ၊ ဆောင်ခလာခရိုင်တွင် ယာဉ်တိုက်မှုဖြင့် ေ-သဆုံးခဲ့သော အလုပ်သမား ဦးဌေးသန်းအတွက် နစ်နာကြေး ဘတ် ၁,၀၀၀,၀၀၀ (ဘတ် တစ်သန်းတိတိ) အား ဇနီးဖြစ်သူ ဒေါ်ရင်ရင်အေးထံသို့ ဘန်ကောက်မြို့၊ အလုပ်သမားသံအရာရှိရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။ The post ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒ-ဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သား ဘတ်နှစ်သိန်းတစ်သောင်းတိတိရရှိ appeared first on Popular .