သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံးဘာသာစကားတစ်မျိုး တတ်မြောက်ထားရမည်ဖြစ်

Credit to Popular Journal - သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာစကားကိုလည်း မရှက်မကြောက်တတ်နိုင်သမျှကြိုးစားလေ့လာသင်ယူစေလို သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံးဘာသာစကားတစ်မျိုး တတ်မြောက်ထားရမည်ဖြစ်ပြီး သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ဘာသာစကားကိုလည်း မရှက်မကြောက် တတ်နိုင်သမျှကြိုးစားလေ့လာသင်ယူစေလိုပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောသည်။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း လည်း ဖြစ်သည်။ ထို့ပြင် မိမိအတွက်သာမက မိမိ၏သားသမီးများကိုလည်း ဘာသာစကားတတ်မြောက်အောင် သင်ကြားပေးစေလိုကြောင်း၊ မိမိတို့၏ သံတမန်ဝန်ထမ်းများအား ပြည်ပတွင် အခြားနိုင်ငံများနည်းတူ Facility အပြည့်ထားရှိပေးပါကြောင်း၊ သံတမန်တစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး (Diplomatic Characteristic) များကို မြင့်မားအောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ သံတမန်တစ်ဦး၏ အရေးကြီးဆုံးသော အရည်အသွေးသည် သစ္စာရှိမှု Loyalty ဖြစ်ပါကြောင်း၊ သံတမန်များအနေဖြင့် Communication Skill၊ Language […] The post သံတမန်တစ်ဦးအနေဖြင့် အနည်းဆုံးဘာသာစကားတစ်မျိုး တတ်မြောက်ထားရမည်ဖြစ် appeared first on Popular .