ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်မည်ဟု ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စစ်တပ်စခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက အပြီးသတ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ တရားဝင် ထုတ်ပြန်ကြေညာသည်။ ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို သိမ်းပိုက်မည်ဖြစ်သောကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူများအနေဖြင့် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းသွားလာနိုင်ကြောင်း ကြေညာထားသည်။ “စလင်း-ဆင်ဖြူကျွန်းလမ်းတော့ ပြန်ပွင့်နေပြီ။ ဆင်ဖြူကျွန်းမြို့အဝင်အထွက်ကို PDF တွေ ပြည်သူတွေ ရှောင်လို့ရအောင် ပြန်ဖွင့်ပေးလိုက်တာ။ ပြောင်းတဲ့ သူတွေတော့ ပြောင်းနေကြပြီ။ ဆင်ဖြူကျွန်းမြို့ပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက တိုက်ပွဲ တွေဖြစ်နေတာ” ဟု ဆင်ဖြူကျွန်းမြို့မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ […] The post ဆင်ဖြူကျွန်းမြို့ရှိ စစ်တပ်စခန်းများကို တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်မည်ဟု ကြေညာ appeared first on Khit Thit Media .