Credit to Popular Journal - လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာရန် ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု- ဥက္ကဋ္ဌ H.E.Mr BASHAN Alexei ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု- ဥ က္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ရန်ကုန်တိုင်းတာဝန်ခံ) ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ The post ဘယ်လာရုစ်နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒု-ဥ က္ကဋ္ဌ ရန်ကုန်မြို့သို့ရောက်ရှိလာ appeared first on Popular .