တောင်ငူမြို့၌ မြို့ရှောင်ရထားလမ်းဖောက်လုပ်နေ၍ လျှပ်စစ်ဓာတ်အားလိုင်းများပြောင်းရွှေ့တည်ဆောက်

Credit to Popular Journal - ပဲခူးတိုင်း၊ တောင်ငူမြို့၌ မြို့ရှောင်ရထားလမ်းနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာတို့ကို ဖော်ဆောင်လျက်ရှိ၍ လွတ်ကင်းမှုမရှိသော လျှပ်စစ်ဓာတ်အားလိုင်းများကိုပြောင်းရွှေ့တည်ဆောက်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းမှ ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်အားလိုင်းပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအမံများ၊ သတ်မှတ်ရက်အတွင်းအချိန်မီပြီးစီးရေးနှင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မြို့ရှောင်ရထားလမ်း ဖောက်လုပ်ရာတွင်လွတ်ကင်းမှုမရှိသည့် ၂၃၀ ကေဗွီ နှင့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများပြောင်းရွှေ့ တည်ဆောက်မည့်အခြေအနေနှင့် မြို့ကွက်သစ်တိုးချဲ့စီမံကိန်းဧရိယာနှင့် လွတ်ကင်းမှုမရှိသည့် ၃၃ ကေဗွီဓာတ် အားလိုင်း၊ ၁၁ ကေဗွီ နှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများ  ပြောင်းရွှေ့တည်ဆောက်ရမည့်အခြေအနေတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းကို အမြန်ဆောင်ရွက်ရန်နှင့်  ဆောလျင်စွာပြီးစီးနိုင်ရေး […] The post တောင်ငူမြို့၌ မြို့ရှောင်ရထားလမ်းဖောက်လုပ်နေ၍ လျှပ်စစ်ဓာတ်အားလိုင်းများပြောင်းရွှေ့တည်ဆောက် appeared first on Popular .