ရန်ကုန်၊ ဒီဇင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာရှိ စစ်ရှောင်ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ တိုက်ခိုက်၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၂၄ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာအနီးရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော သန်းကုန်းတောတိုက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်သည် သန်းကုန်းတောတိုက်ကို ပေါင် ၃၀၀ ခန့် ဗုံး၁ […] The post ဝက်လက်၊ ထုံးဘိုရွာရှိ စစ်ရှောင်ပြည်သူများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၍ ရွာလုံးကျွတ် ထွက်ပြေးနေရ၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းကိုလည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ သွားလာခွင့် မပြုလုပ်ရန် အသိပေး appeared first on Khit Thit Media .