ဘီးလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပေါက်နှင့်မြို့နယ် အစပ်ရှိ ရေနံမှော် ဒေသကိုလည်း စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ဘီးလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် သပြေနီရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ခတ္တာဘုန်းကြီးကျောင်းဝင်း အတွင်းကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး သပြေနီရွာမှ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မနေ့က မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးက ခတ္တာ​ကျောင်းဘုန်းကြီးကျောင်းထဲကို […] The post ဘီးလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပေါက်နှင့်မြို့နယ် အစပ်ရှိ ရေနံမှော် ဒေသကိုလည်း စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media .