ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မိုးကုတ်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေပြီး လက်နက်ကြီး၊ ဒရုန်းပစ်ခတ်သံများကြားနေရကြောင်း တော်လှန် ရေး စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်စ၍ မိုးကုတ်မြို့အနောက်ပိုင်းရှိ ပင့် ကူ တောင်၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မစိုးရိမ်ဘုန်းကြီးကျောင်းနှင့် အောင်မြေကျောင်းတို့၌ တပ်စွဲ ထား သော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒရုန်း၊ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်လျက်ရှိပြီး နံနက် ၁၁ နာရီကျော်အထိ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ အောင် မြေ […] The post မိုးကုတ်မြို့တွင်းရှိ စစ်တပ်စခန်းနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေ appeared first on Khit Thit Media .