Credit to Popular Journal - မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ယခုတစ်ကြိမ် ထုတ်ရောင်းပေးမှုအပါအဝင် ဗဟိုဘဏ်က ဒီဇင်ဘာလအတွင်း နိုင်ငံခြားငွေကြေးစျေးကွက်တွင်အမေရိကန်ဒေါ်လာ ၁၁၃ သန်းရောင်းချပေးခဲ့သည်။ ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်တွင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၅၄၀,၈၂၄.၈၆ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၅၅၅,၀၀၀,၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့လည်းကောင်း ရောင်းချပေးခဲ့သည်။ FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ပုံနှိပ်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ စားသုံးကုန်စည် တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။ The post စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၃ သန်း ရောင်းချပေးမည် appeared first on Popular .