Credit to Popular Journal - ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု(၂၁၈)တန်လျှော့ချပေးနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဒီဇင်ဘာ ၂၄ ရက်က ယင်း တက္ကသိုလ်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia တို့တက်ရောက်ခဲ့ပြီး တရုတ်သံအမတ်ကြီးမှ တရုတ်သံရုံးသည် မြန်မာနိုင်ငံ၏ သဘာဝဘေးအလွန်ပြန်လည်တည်ဆောက်ရေးအတွက် အမြဲဂရုစိုက်နေသည်ဟု ပြောသည်။ ထို့ပြင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် နေ ရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်ထောက်ပံ့ပေးခြင်းကြောင့် တက္ကသိုလ်၏ လျှပ်စစ် ဓာတ်အားပြဿနာကိုထိရောက်စွာဖြေရှင်းပေးရုံမက တရုတ်-မြန်မာ စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် စွမ်းအားသစ်များထည့် သွင်းလိုက်ခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ထို့အတူ တည်ငြိမ်သောလျှပ်စစ်ဓာတ်အားထောက်ပံ့မှုသည် ပညာသင်ကြားမှုအခြေအနေများကို သိသိသာ သာ တိုးတက်ကောင်းမွန်စေပြီး သိပ္ပံနည်းကျ သုတေသနနှင့် သင်ကြားရေးချောမွေ့စွာ ရှေ့ဆက်သွားစေရန် အ […] The post ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု(၂၁၈)တန်လျှော့ချပေးနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်ကို တရုတ်သံရုံးက လွှဲပြောင်းပေးအပ် appeared first on Popular .