ရန်ကုန်ရှိ ပြည်သူ့ပါတီ ရုံးအနီး လက်လုပ်မိုင်း ဖေ-ာက်ခွဲသူနှစ်ဦးကို ဖမ်းမိ

Credit to Popular Journal - ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး အနီး၌ လက်လုပ်မိုင်း ဖေ-ာက်ခွဲသူနှစ်ဦးကို ဖမ်းမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၅ )ရက်၌ ထုတ်ပြန်သည်။ လတ်တလောတွင် ကျူးလွန်သူများအနက်မှ နှစ်ဦးကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖြစ်စဉ်သည် ဒီဇင်ဘာ ၂၁ ရက်၊ ညက ဖြစ်ပွါးခဲ့ခြင်း ဖြစ်ကာ ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံး အနီး၌ လက်လုပ်မိုင်းကိုထားကာ အဝေးထိန်းစနစ်ဖြင့် ဖေ-ာက်ခွဲ ဖျ-က်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကျူးလွန်သူများအနက် တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရပ်ကွက်၊ စွယ်တော်လမ်း၌ နေထိုင်သည့် ကြည်ကြည်ရွှေ (၃၇ နှစ်)နှင့် သားဖြစ်သူ မောင်လင်းလတ်ဟိန်းတို့ နှစ်ဦးကို ယမန်နေ့ (ဒီဇင်ဘာ ၂၄) က […] The post ရန်ကုန်ရှိ ပြည်သူ့ပါတီ ရုံးအနီး လက်လုပ်မိုင်း ဖေ-ာက်ခွဲသူနှစ်ဦးကို ဖမ်းမိ appeared first on Popular .