ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏သား ဘင်္ဂလားဒေ့ရှ် ပြန်လာ

Credit to Popular Journal - ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (ဘီအင်န်ပီ) ယာယီဥက္ကဌ တာရစ်ခ်ရာမန်သည် ပြည်ပတွင် ၁၇ နှစ်ကြာ တိမ်းရှောင်နေပြီးနောက် ကြာသပတေးနေ့တွင် ဒါကာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ထိပ်တန်းပြိုင်ဘက်ဖြစ်လာရန် အလားအလာရှိသော ၎င်း၏ ပြန်လာမှုကြောင့် ထောက်ခံသူများကို စိတ်ဓာတ်ခွန်အားဖြစ်စေလိမ့်မည်ဟု ပါတီက မျှော်လင့်ထားသည်။ မြို့တော်လေဆိပ်မှ ကြိုဆိုရေးအခမ်းအနားကျင်းပရာနေရာအထိ ထောင်ပေါင်းများစွာသော ထောက်ခံသူများသည် ပါတီအလံများ၊ ဆိုင်းဘုတ်များ၊ စာတမ်းများနှင့် ပန်းများကို ကိုင်ဆောင်ကာ ကြွေးကြော်သံများကို ဟစ်ကြွေး၍ ရာမန်ကို ကြိုဆိုခဲ့ကြသည်။ ဘီအင်န်ပီပါတီအကြီးတန်းခေါင်းဆောင်များက ဒါကာလေဆိပ်တွင် လုံခြုံရေးတင်းကျပ်စွာချထားကာ သူ့ကို ကြိုဆိုခဲ့သည်။ နာမကျန်းဖြစ်နေသော ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏သားဖြစ်သည့် အသက် ၆၀ နှစ်အရွယ် ရှိပြီဖြစ်သော ရာမန်သည် ၂၀၀၈ ခုနှစ်မှစ၍ လန်ဒန်တွင်နေထိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ […] The post ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏သား ဘင်္ဂလားဒေ့ရှ် ပြန်လာ appeared first on Popular .